လှကေသွယ်၏မီးမလိုသောသဘာဝဆပ်ပြာခဲလုပ်နည်း(သံပုရာဆပ်ပြာ) လှကေသွယ်(အလှပြုပြင်ရေး) ဤပညာရပ်ကိုသင်ကြားပေးသောချင်းလူမျိုးခရစ်ယာန်ဘာသာဝင်ဆရာဦးသောင်းဇလပ်အားကျေးဇူးတင်ပါတယ်။ပညာသင်ဖက်ဒေါ်သန်းထွေးနှင့်ဦးဝင်းမောင်တို့အားကျေးဇူးတင်ပါသည်။ ပထမဦးစွာcostic soda(ကော်စတစ်ဆိုဒါ)၅၀ဂရမ်နှင့်ရေ၏ပမာဏ(၁ဆခွဲ)၇၅ဂရမ်ကိုပလတ်စတစ်ဘူးအမာတွင်ထည့်ပါ။ကော်စတစ်ဆိုဒါအရည်သည်ပူနေသည်။အအေးခံပါ။ မီးသုံးစရာလုံးဝမလိုပါ။ ၁။ထိုကော်စတစ်ဆိုဒါ - ၃၀ ml (မီလီမီတာ) ၂။အုန်းဆီ - ၈၀ gm (ဂရမ်) ၃။rose74အနံအဆီ(သို့)သံပုရာအဆီမည်သည်အနံမဆိုထည့်၍ရသည်။နဲနဲထည့်ပါ။ -၁၀စက် ၄။သံပုရာရည်အနှစ် -၁ဂရမ်(သို့) ထမင်းစားဇွန်း၁ဇွန်း (သံပုရာကိုညှစ်ပါ။ဆပ်ပြာအများကြီးထုတ်လုပ်လိုပါကသံပုရာကိုအစိတ်စိတ်လှီးပြီးအခွံပါရောညှစ်ပါ။ပြီးလျှင်ဇကာပေါက်သေးသေးဖြင့်စစ်ပါ။အရောင်ထည့်စရာမလိုတော့ပါ။ ၅။ပျားရည် -ထမင်းစားဇွန်း၂ဇွန်း။ ပြုလုပ်ပုံ။ ။အုန်းဆီထဲတွင်သံပုရာ/ပျားရည်/အနံ စသည်တို့ကိုထည့်ပါ။ပြီးလျှင်ကော်စတစ်ဆိုဒါထည့်ပါ။ထိုအခါကော်စလစ်ဆိုဒါကြောင့်ဆပ်ပြာသည်ခဲစေသည်။အုန်းဆီကြောင့်ဆပ်ပြာသားမာစေသည်။ထိုအခါပုံစံခွက်ထဲထည့်ပါ။ပုံစံခွက်သည်ပုံစံအမျိုးမျိုးရှိသည်။၎င်းပုံစံခွက်တို့သည်ရော်ဘာသားဖြင့်ပြုလုပ်ထားသည်။၎င်းကော်စတစ်ဆိုဒါနှင့်ရော်ဘာခွက်များကို၂၇လမ်းနှင့်၂၈လမ်း/ရန်ကုန်တို့တွင်ဝယ်ယူရရှိနိုင်သည်။၂၇လမ်းရှိEMPIRE ဆိုင်တွင်လည်းစုံလင်စွာရရှိနိုင်သည်။မိမိစိတ်ကြိုက်ဆိုင်များသည်၂၇လမ်းနှင့်၂၈လမ်းရှိဆိုင်များတွင်စိတ်ကြိုက်ဝယ်ပါ။အုန်းဆီသည်ဈေးထဲရှိပဲဆီ/စာအုန်းဆီဆိုင်တို့တွင်ပူးတွဲရောင်းလေ့ရှိသည်။ခန်းမှန်းပေါက်ဈေးသည်အုန်းဆီ၁ပိဿာလျှင်၄၀၀၀(လေးထောင်)ဈေးရှိသည်။နှင်းဆီ/စံပယ်/နံသာဖြူစသောအဆီပုလင်းများကို၉၀၀ကျပ်ဖြင့်၂၇လမ်းနှင့်၂၈လမ်းတို့တွင်ဝယ်ယူပါ။ စီးပွားရေးပြေလည်ပြီပျှော်ရွှင်သောဘဝပိုင်ဆိုင်ပါစေ။ ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ လှကေသွယ်(အလှပြုပြင်ရေး) ၁၃/၉/၂၀၁၉ သောကြာနေ့ ည၆နာရီ၅၉မိနစ် လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်းလှကေသွယ်အဖေပေးသောအမွေ-မလိမ်ရဘူး။မခိုးရဘူး။ မဆဲရဘူး။ဤသုံးချက်ဖြင့်နေပါကလောကကိုအလှဆင်ခြင်းဖြစ်သည်။ငယ်စဉ်ကလေးဘဝကဆဲခြင်း/လိမ်ပြောခြင်း/ခိုးခြင်းကျူးလွန်ပါကကျိမ်လုံးဖြင့်ရိုက်၍ဆုံးမသည်။ငယ်စဉ်ကတုတ်ကိုကြောက်၍မပြုလုပ်ခဲ့ပါ။အသက်ကြီးလေလေအဖေ၏စေတနာကိုနားလည်ခဲ့သည်။လူဆိုသည်မှာစမ်းသပ်ခြင်းကြသည်။စမ်းသပ်ခြင်းပြုလုပ်လေအမှားတွေ့လေဖြစ်သည်။ထို့ပြင်ပုံပြင်များသည်လည်းဘဝ၏ပဲ့ကိုင်ရှင်များဖြစ်စေသည်။စာဖတ်ခြင်းဖြင့်သူတပါး၏အမှားကိုမြင်ပြီမကောင်းမူကိုရှောင်တတ်လာသည်။အမှားမှားနေသူကိုတွေ့ပါကခွင့်လွှတ်စိတ်ဖြင့်ကြည့်ပြီမေတ္တာတရားဖြင့်အကောင်းကိုညွှန်ကြားပါ။သို့မှသာလူတိုင်းပျော်ရွှင်မည်။ဘဝတွင်လုံးဝမမှားသူဟု၍မရှိပေ။လုပ်ကိုင်တာများလေစမ်းသပ်ပြီလုပ်နေရသည်။ဤသည်ကိုအကောင်းမြင်စိတ်ဖြင့်ကြည့်ကြမည်။ဤကမ္ဘာရှိလူသားအားလုံးသည်ဆွေမျိုးတနည်းနည်းဖြင့်အမျိုးတော်ကြသည်။ထို့ကြောင့်ဖေဖေပေးသောအမွေသည်မလိမ်ခြင်းကားစကားတိုင်းယုံကြည်သူများစေသည်။မိမိအတွက်ရောသူတပါးအတွက်ချစ်ခင်မူတိုးစေသည်။ မခိုးခြင်းသည်စာရိတ္တကောင်းခြင်းဖြစ်သည်။အလုပ်အတွက်နာမည်ကောင်းကိုရစေသည်။မဆဲဆိုခြင်းသည်ရန်ငြိမ်းစေသည်။ငြိမ်းချမ်းရေးပေါ့။ ကဲပျော်ရွှင်စွာမလိမ်ကြပါနဲ့။မခိုးကြပါနဲ့။မဆဲဆိုပါနဲ့။မိမိတတ်နိုင်သမျှတော့ကြိုးစားကြည့်စေချင်တယ်။ ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ကြပါစေ။ လှကေသွယ်(အလှပြုပြင်ရေး) 12/9/2019 Thursday 8:32PM လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း မြန်မာနိုင်ငံ/ရန်ကုန်/ကျောက်မြောင်း/ကျိုက္ကဆံလမ်း/ပထမထပ်/အမှတ်၂၁၅ ဖုန်း၀၉၉၇၈၈၃၆၅၈၅/၀၉၉၇၆၈၅၈၂၀၃ ဖုန်း၀၉၉၇၈၈၃၆၅၈၅/၀၉၉၇၆၈၅၈၂၀၃ အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ

Comments

လှကေသွယ်အလှပြုပြင်ရေး

လှ​ကေသွယ်​၏​မွေး​နေ့တွင်​အတူတူကုသိုလ်​ပြုရန်​ဖိတ်​ကြားလွှာ အသက်​၄၄နှစ်​ပြည့်​ ကုသိုလ်​ပြုမည်​​နေ့-၁၁ရက်​၊၁၀လ၊၂၀၁၉ ​နေရာ-၂၁၅၊ပထမထပ်​၊ကျိုက္ကဆံလမ်း၊​ကျောက်​​မြောင်း၊တာ​မွေ၊ရန်​ကုန်​၊မြန်​မာနိုင်​ငံ(အချစ်​ဆုံး​မေ​မေ​လောကကိုနူတ်​ဆက်​သွား​​သော​နေ့ဖြစ်​သည်​။)(အချစ်​ဆုံးအ​ဖေ၏​မွေး​နေ့၁၆၊၁၀၊၁၉၅၁၏​မွေး​နေ့အကြိုဖစ်​သည်​။)အချစ်​ဆုံးများစု​ဝေး​သော​နေ့ဖြစ်​၍အချစ်​ဆုံးဖြစ်​သူများစု​ဝေး​သောအချိန်​-မနက်​၁၀နာရီမှ၁၂နာရီ မည်​သူမဆိုလာ​ရောက်​နိုင်​သည်​။ လှ​ကေသွယ်​ချစ်​ခြင်းအပြည့်​ပါဝင်​​သောဗီစီဒီပါသူတိုင်းကို"မှဲ့ကို​လေဆာဖြင့်​ဖြတ်​နည်းထိုင်​ဝမ်​နိုင်​ငံ၏​နောက်​ဆုံး​ပေါ်နည်းကိုအခဲမဲ့သင်​ကြား​ပေးမည်​။" ဖုန်း၀၉၉၇၈၈၃၆၅၈၅၊၀၉၉၇၆၈၅၈၂၀၃

လှကေသွယ်၏ဆံပင်ဖြောင့်နည်း

လှကေသွယ်၏အကြံပေးသောလက်မှတ်ထိုးနည်း ယနေ့အိမ်/ခြံ/မြေအကျိုးဆောင်သင်တန်းတတ်ခဲ့သည်။ အကြံပေးချင်သည်မှာလက်မှတ်ထိုးသည်နေရာတွင်ဘယ်ဘက်လက်မကိုလက်ဗွေနှိပ်ပါ။ အဘယ်ကြောင့်ဆိုသော်ဘယ်ဘက်လက်မသည်လက်ဗွေမပြောင်းပါ။ ညာဘက်လက်ဗွေသည်၃လတစ်ကြိမ်ပြောင်းသည်။ အားလုံးဗဟုသုတရစေလိုသောစေတနာအရင်းခံ၍လှကေသွယ်ရေးဖွဲ့သည်။ ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ လှကေသွယ်(အလှပြု ပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅ လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ အဆောင်ဌားသည်။ အမျိုးသမီးသီသန့်