မိမိသေဆုံးပါကမကြောက်မရွံ့သေပန်းလှအောင်လေ့ကျင့်နည်း။လှကေသွယ်(အလှပြု ပြင်ရေး)ဖုန်း၀၉၉၇၈၈၃၆၅၈၅။HLA KAY THWE CARRY ON HAPPY.
မိမိသေဆုံးပါကမကြောက်မရွံ့သေပန်းလှအောင်လေ့ကျင့်နည်း။လှကေသွယ်(အလှပြု ပြင်ရေး)ဖုန်း၀၉၉၇၈၈၃၆၅၈၅။HLA KAY THWE CARRY ON HAPPY.
ညစဉ်တိုင်းနှာခေါင်းမှဝင်လေထွက်လေကိုမှတ်သားပါ။မှတ်သားသောအာရုံသည်နာမ်ဖြစ်သည်။ရူသောအာရုံမှာ''နာမ်''ဟုဆိုလိုသည်။အရူခံအာရုံနှာခေါင်းသည်''ရုပ်''ဖြစ်သည်။ခန္ဓာကိုယ်၌''ရုပ်''နှင့်''နာမ်''သာရှိသည်။စက္ကန့်တိုင်းရုပ်နှင့်နာမ်တို့သည်''ဖြစ်ခြင်း''နှင့်''ပျက်ခြင်း''သည်တရွေ့တရွေ့ကုန်ဆုံးနေသည်။သင်သတိတားမည်ဆိုရင်ရောဂါဖြစ်ပွားပါက''နာလိုက်''''ပျောက်လိုက်''တလှည့်စီသွားနေသည်။ ''ငါ''ဆိုသည်ခန္ဓာကိုယ်သည်အစိတ်အပိုင်းများအားလုံးပေါင်းစုထားသောအရာကိုသတ်မှတ်ထားသည်။ဥပမာငါသည်ဦးခေါင်းမဟုတ်ပါ။ငါသည်လက်ခြေမဟုတ်ပါ။ငါသည်မျက်လုံး/နှာခေါင်း/ပါးစပ်စသည်ကိုယ်အင်္ဂါအစုစုပေါင်းစပ်ထားသည်။ငါဆွေမျိုးငါမိဘဟူသည်''ငါ''ဆွဲမကျွတ်သ၍ပူပန်နေကြရသည်။မိမိဆွေမျိုးမဟုတ်သည်နာရေးသတင်းပါပါကမည်ကဲ့သို့ခံစားရမည်မဟုတ်ချေ။ထို့ကြောင့်''ငါ''ဟူသောအစွဲဖြုတ်ပြီလူတိုင်းသူသဘာဝနှင့်သူအကျိုးပေးဖြင့်နေထိုင်ကြရသည်။ထို့အပြင်တတ်နိုင်လျှင်''ငါ''စွဲဖြုတ်ပြီမိနစ်တိုင်းချစ်ခြင်းမေတ္တာအပြည့်အဝထားပြီကူညီတတ်ပါစေ။လူဘဝကိုဒုက္ခလို့သတ်မှတ်ထားသောကြောင့်ဒုက္ခရောက်သည်လူတိုင်းအပေါ်မေတ္တာထားတတ်ပါစေ။သူသဘာဝအတိုင်းဖြစ်တာ''အနတ္တ''ပါ။အခက်အခဲဆိုတာ''ဒုက္ခသဘောဆောင်သည်။ဘယ်အရာမျှမမြဲပါထိုအရာကို''အနိစ္စ''ပါ။''အနိစ္စ''''ဒုက္ခ''''အနတ္တ''ဆိုသောလက္ခဏရေးသုံးပါးဖြင့်လောက၏အခက်အခဲကိုနားလည်ပြီးအပြုံးဖြင့်ရင်ဆိုင်တတ်ပါစေ။လှကေသွယ်ကလူဘဝ၏အရေးကြီးဆုံးနိဗ္ဗာန်ကိုရှာဖွေမည်။လမ်းညွှန်ပြသမည်။ပြီးလျှင်ငရဲပြည်ဆင်းပြီးသူတို့၏ထွက်ပေါက်ကိုရှာဖွေကယ်တင်မည်။ဒါဟာလှကေသွယ်လူဘဝသို့ဆင်းရခြင်းအကြောင်းပဲ။လူပြည်ကိုတော့ပျှော်ရွှင်စရာအတိပြည့်စုံတဲ့ကမ္ဘာကြီးဖြစ်အောင်အားထုတ်မည်။အားလုံးပျှော်ရွှင်လှကေသွယ်ဆန္ဒပင်။
ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ပါစေ။
လှကေသွယ်(အလှပြု ပြင်ရေး)
ဖုန်း၀၉၉၇၈၈၃၆၅၈၅
အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ
ကျောက်မြောင်းအိမ်
၂၇/၃/၂၀၁၉
ဗုဒ္ဓဟူးနေ့
ညနေ၇နာရီ၂၈မိနစ်
Comments
Post a Comment