လှကေသွယ်၏ချစ်သောမေမေတမ်းချင်းဖေဖေလည်းပါတယ်။


လှကေသွယ်၏ချစ်သောမေမေတမ်းချင်းဖေဖေလည်းပါ။
မေမေဖေဖေ
လွမ်းလိုက်တာ
မေမေဖေဖေပုံရိပ်ပြန်မြင်ယောင်ရင်ပေါ့
လွမ်းဆွတ်တမ်းတနေမိတယ်။
မေမေဖေဖေ
မေမေဖေဖေအရွယ်တူအကူအညီတောင်းရင်
မေမေဖေဖေပုံရိပ်လှကေသွယ်၏ရင်တွင်ထင်ဟပ်လာကာ
မည်မျှပင်ခက်ခဲစေကာမူကူညီမူပေးလိုက်တယ်
အစွမ်းကုန်လေးပေါ့မေမေဖေဖေ။
မေမေဖေဖေ
မေမေကွယ်လွန်တာ၁၉နှစ်ရှိနေပေမယ်
နေ့တိုင်းညတိုင်းမေတ္တာပို့အမျှဝေဆဲပေါ့။
ဖေဖေကွယ်လွန်တာ၂၃နှစ်ရှိနေပေမယ်
မေမေနှင့်ထပ်တူမေတ္တာပို့အမျှဝေဆဲပေါ့။
အေးချမ်းအောင်လှကေသွယ်သည်အပျိုစင်ဘဝဖြင့်မောင်နှမတို့ကိုစောင့်ရှောက်နေဆဲပေါ့။
လှကေသွယ်ဘဝကိုစာဖတ်ခြင်းနှင့်တရားမှတ်ခြင်းကိုအဓိကဦးစားပေးပြီးလုပ်တယ်။ရဲရဲလုပ်ပါ။
နောက်ဘဝရောက်ရင်ငရဲသားတွေကယ်တင်ရန်ငရဲပြည်ဆင်းချင်လို့ပါ။ငရဲသားတွေကိုသနားလို့ပါ။
လှကေသွယ်စိတ်မကျန်းမာတာ၁၉နှစ်ရှိပြီ။
၎င်း၁၉နှစ်အတွင်းလူဆိုးတို့၏ဘဝပေါင်းစုံကိုခံစားခဲ့ရသည်။
လူကောင်းဘဝကအေးချမ်းသည်။
လူဆိုးဘဝသည်အမြဲပူလောင်နေသည်။
ဒါကြောင့်ကယ်တယ်ခြင်း၌ဥာဏ်ရည်သည်အဓိကအရေးကြီးလှသည်။တရားထိုင်ခြင်းဖြင့်၎င်းသမာဓိကနောက်ဘဝထိရောက်ပြီကယ်တင်နိုင်ရန်ဖြစ်သည်။
အားလုံးပျှော်ရွှင်ပါစေ။
ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ပါစေ။
လှကေသွယ်(အလှပြုပြင်ရေး)
၁၇/၉/၂၀၁၈
တနင်္လာနေ့
နေလည်၃နာရီ၁၀မိနစ်
ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ

Comments

လှကေသွယ်အလှပြုပြင်ရေး

လှ​ကေသွယ်​၏​မွေး​နေ့တွင်​အတူတူကုသိုလ်​ပြုရန်​ဖိတ်​ကြားလွှာ အသက်​၄၄နှစ်​ပြည့်​ ကုသိုလ်​ပြုမည်​​နေ့-၁၁ရက်​၊၁၀လ၊၂၀၁၉ ​နေရာ-၂၁၅၊ပထမထပ်​၊ကျိုက္ကဆံလမ်း၊​ကျောက်​​မြောင်း၊တာ​မွေ၊ရန်​ကုန်​၊မြန်​မာနိုင်​ငံ(အချစ်​ဆုံး​မေ​မေ​လောကကိုနူတ်​ဆက်​သွား​​သော​နေ့ဖြစ်​သည်​။)(အချစ်​ဆုံးအ​ဖေ၏​မွေး​နေ့၁၆၊၁၀၊၁၉၅၁၏​မွေး​နေ့အကြိုဖစ်​သည်​။)အချစ်​ဆုံးများစု​ဝေး​သော​နေ့ဖြစ်​၍အချစ်​ဆုံးဖြစ်​သူများစု​ဝေး​သောအချိန်​-မနက်​၁၀နာရီမှ၁၂နာရီ မည်​သူမဆိုလာ​ရောက်​နိုင်​သည်​။ လှ​ကေသွယ်​ချစ်​ခြင်းအပြည့်​ပါဝင်​​သောဗီစီဒီပါသူတိုင်းကို"မှဲ့ကို​လေဆာဖြင့်​ဖြတ်​နည်းထိုင်​ဝမ်​နိုင်​ငံ၏​နောက်​ဆုံး​ပေါ်နည်းကိုအခဲမဲ့သင်​ကြား​ပေးမည်​။" ဖုန်း၀၉၉၇၈၈၃၆၅၈၅၊၀၉၉၇၆၈၅၈၂၀၃

လှကေသွယ်၏ဆံပင်ဖြောင့်နည်း

လှကေသွယ်၏အကြံပေးသောလက်မှတ်ထိုးနည်း ယနေ့အိမ်/ခြံ/မြေအကျိုးဆောင်သင်တန်းတတ်ခဲ့သည်။ အကြံပေးချင်သည်မှာလက်မှတ်ထိုးသည်နေရာတွင်ဘယ်ဘက်လက်မကိုလက်ဗွေနှိပ်ပါ။ အဘယ်ကြောင့်ဆိုသော်ဘယ်ဘက်လက်မသည်လက်ဗွေမပြောင်းပါ။ ညာဘက်လက်ဗွေသည်၃လတစ်ကြိမ်ပြောင်းသည်။ အားလုံးဗဟုသုတရစေလိုသောစေတနာအရင်းခံ၍လှကေသွယ်ရေးဖွဲ့သည်။ ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ လှကေသွယ်(အလှပြု ပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅ လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ အဆောင်ဌားသည်။ အမျိုးသမီးသီသန့်